သာကေတမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ စာရေး‌ဆရာ ထင်လင်းရေးသား သည့် " မေတ္တာရှင်မလေးပေါ်လီယာနာ " စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပ ပြုလုပ်

သာကေတ ဧပြီ ၂၁

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre  ခန်းမ၌ ယ‌နေ့ နံနက် (၁၀) နာရီတွင် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနနှင့် မြို့နယ် (Book Club) အဖွဲ့တို့ ပူးပေါင်း၍ စာရေး ဆရာထင်လင်း ရေးသားသည့် " မေတ္တာရှင်မလေးပေါ်လီယာနာ " စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ခဲ့သည်။  ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဆောင်းနှင်းဖြူမှ ကျောင်းသားလူငယ်များ အားနွေရာသီ ကျောင်းပိတ်ရက်တွင်‌ စာအုပ်စာ‌ပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိ‌စေရန်နှင့် စာပေချစ်မြတ် နိုးတတ်စေရန်ရည်ရွယ်၍ စာဖတ်ဝိုင်း ပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ပြောကြားခဲ့သည်။ 

ဆက်လက်၍ မြို့နယ် (Book Club) အဖွဲ့နာယကဆရာမြစိန်၊  မြိုနယ် (Book Club) ဥက္ကဋ္ဌဒေါက်တာ သန်းထိုက်တို့မှ “မေတ္တာရှင်မလေးပေါ်လီယာနာ" စာအုပ်ဇာတ်ကြောင်းအကျဉ်းဖြစ်သည့် ၁၁ နှစ်အရွယ်ရှိသော အမျိုးသမီးကလေး ပေါ်လီယာနာ သည် မိဘ ၂ ပါးစလုံး ဆုံးပါးပြီးနောက်၊ ရပ်ဝေးနေ သူမအဒေါ်ထံ လာရောက်ခိုလှုံရသည်။ ထိုအချိန် မှစ၍သူကလေးသည် သူ့ဖခင်က သူ့အား သင်ကြားထားခဲ့သော ဝမ်းသာစရာအကြောင်းကိုရှာတတ်လျှင် ဝမ်းသာစရာ အကျိုးဖြစ်ပေါ်၏ ဟူသောအချက်ကို လက်ကိုင်ပြုလျက်လူအများ၏ အကျည်းတန်ပိုင်း အဆိုးဘက်ကိုသာမြင်တတ်ခြင်း၊ အလေ့အထဖြင့် ဘ၀မုန်း အထီးကျန်ဖြစ်နေသူများ၊ ဘ၀ဇာတ်လမ်း လွမ်းခန်းတစ်ခုခုမှ နာလန်ပြန်မထနိုင်သော သုန်မှုန်ဆွေးပူနေသူများ၊ နာတာရှည်ဖြင့် တစ်သက်လုံး အိပ်ရာပေါ်လဲနေသူများ မှမိမိဘဝကိုအားမငယ်ဘဲ နေထိုင်တတ်စေရန် အားပေးနှစ်သိမ့်တက်သူ တစ်ဦးဖြစ်ကြောင်း၊ ကျောင်းသားလူငယ်များ အတုယုမှတ်သားဖတ်ရှုသင့်သည့် စာအုပ်ဖြစ်ကြောင်း အကျယ်တဝင့် ဆွေးနွေးခဲ့ရာ တက်ရောက် လာသည့် ကျောင်းသားလူငယ်များမှ စာအုပ်မှပါဝင် သောအချက်များအား အပြန်အလှန်ဆွေးနွေးပြီး  စာဖတ်ဝိုင်းကို ရုတ်သိမ်း ခဲ့ကြောင်း သိရသည်။

ဆောင်းနှင်းဖြူ(ပြန်/ဆက်)