အမ်း ဧပြီ ၂၁
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးညီညီ (လက်ထောက်ညွှန်ကြားရေးမှူး)နှင့် ရုံးအဖွဲ့တို့ ယမာန်နေ့နံနက်က အမ်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၁-၂၀၂၂ခု(၆)လ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်အစိုးရ ခွင့်ပြုချက်ရံပုံငွေကျပ်(၉.၂၅၀)သန်းဖြင့် အမ်းတောင် ကျေးရွာအုပ်စု ပျဉ်တောကျေးရွာ၌ ရေဂါလံ(၁၆၀၀)ဆံ့ရေစုကန်(၅)လုံး တည်ဆောက်ခြင်း လုပ်ငန်းများ (၁၀၀)ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေအား ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။
အမ်းမြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ခု (၆)လ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရ ခွင့်ပြုရံပုံငွေကျပ်(၁၉၀.၂၅၀)သန်းဖြင့် ကျေးလက် ရေပေးရေးလုပ်ငန်း (၁၂)ခု ဆောင်ရွက်ခဲ့ရာ လုပ်ငန်းများအားလုံး (၁၀၀)ရာခိုင်နှုန်း ဆောင်ရွက် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
စိုးမင်းထွန်း