ပုဗ္ဗသီရိ ဧပြီ ၂၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ Online မှတစ်ဆင့် အသိပညာပေးဟောပြောပွဲများကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက "တာဝန်ယူမှု တာဝန်ခံမှု" ခေါင်းစဉ်ဖြင့် ဟောပြောပွဲ ကျင်းပခဲ့သည်။
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုဗ္ဗသီရိမြို့နယ်ရုံးအနေဖြင့် လူငယ်များ အသိပညာ ဗဟုသုတများစွာရရှိပြီး တွေးခေါ်မှု မြင့်မားလာစေရန်၊ လူတော်လူကောင်းများ အဖြစ်ခြင်းဖြင့် ရွှေရောင်အနာဂါတ်ကို ပိုင်ဆိုင်ကြစေရန်ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေးဟောပြောပွဲများကို ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် စာရေးရဲမွန်ကျော်က “တာဝန်ယူမှု တာဝန်ခံမှု” ခေါင်းစဉ်မှ “တာဝန်ဆိုတာ မဖြစ်မနေလုပ်ရမယ့် အလုပ်ဖြစ်ကြောင်း၊ တာဝန်ကိုလူတိုင်းကျင့်သုံးရမှာဖြစ်ကြောင်း၊ ကျင့်ဝတ်ပျက်ကွက်လျှင် လူ့ပတ်ဝန်းကျင်က ရှုံ့ချကြောင်း၊ တာဝန်ယူမှု တာဝန်ခံမှုဆိုတာ အသိတရားနဲ့ ခံယူချက်ရှိမှ အတွေးမှန် အမြင်မှန်ရှိမှသာ တာဝန်ကိုကျေပွန်အောင် လုပ်ဆောင်နိုင်မှာဖြစ်ကြောင်း၊ တာဝန်ယူမှု တာဝန်ခံမှု ပြုလုပ်တဲ့သူဟာ လူမိုက်တစ်သောင်းက ချီးမွန်းခြင်းထက် လူကောင်းတစ်ယောက်ရဲ့ ကဲ့ရဲ့ရှုံ့ချမှုကို ကြောက်ဖို့လိုကြောင်း” စသည့်အကြောင်းအရာများကို ဟောပြောခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုဗ္ဗသီရိမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာ ဗဟုသုတများ ရရှိစေရန်တွက် Online မှတစ်ဆင့် အသိပညာပေး အစီအစဉ် များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)