လူထုအခြေပြုဗဟိုဌာန (ကော့မှူး)၌ စာဖတ်ဝိုင်းကျင်းပ

ကော့မှူး ဧပြီ ၂၁

ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်ယနေနံနက်၁၀နာရီက စာပေချစ်မြတ်နိုးသူများ Book Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါစာဖတ်ဝိုင်းတွင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ  ဒေါ်ဇာခြည်စိမ့်က လူငယ်လူရွယ်များအား စာဖတ်ဝိုင်း ကျင်းပပြုလုပ်ပေးရခြင်းဖြင့် အတွေးအခေါ် ဗဟုသုတများနှင့်လူအများ‌ရှေ့တွင် ပြောရဲဆိုရဲရှိ လာ‌စေရေး၊ လူကြီးများက လူငယ်များ အပေါ်အတွေးအခေါ် အယူအဆများနှင့် အမှားအမှန်‌ ဝေဖန်ပိုင်းခြားမှုများ ရရှိ‌စေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းများ ပြုလုပ်ပေးခြင်းဖြစ်‌ကြောင်း စသည့်ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။  ဆက်လက်၍(BookClub) အသင်းမှအဖွဲ့ဝင်‌ ဒေါ်မီးမီးက စာရေးဆရာ ဒေါက်တာ သိန်းလွင် (ပညာရေးစိတ်ပညာပါရဂူ)ရေးသားသော ကလေးကိုချစ်ရင် မခြောက်ပါနဲ့ စာအုပ်ထဲမှ ကလေးတို့၏ခံစားချက်ကို နားထောင် အသိအမှတ်ပြုခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မခင်သူမှ“ ကလေးကိုချစ်ရင် မနှိမ်ပါနဲ့”ခေါင်းစဉ်ဖြင့်လည်း‌ကောင်း၊ မမိုးသူဇာက စည်းကမ်းနှင့် အပြစ်‌ပေးခြင်းတို့ဖြင့် ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက်( Book Club ) အသင်းမှအဖွဲ့ဝင် ဒေါ်မီးမီးက ဦးဆောင်ဆွေးနွေးသူ အဖြစ် ဆောင်ရွက်ပြီး စာပေချစ်မြတ် နိုးသူများက စာအုပ်ပါအကြောင်း အရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

ကျော်သူရ