ရန်ကုန် ဧပြီ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်း၌ ကာကွယ်ဆေးထိုးနှံခြင်းကို ရဟန်းရှင်လူ ပြည်သူများအား သက်ဆိုင်ရာဦးတည်အုပ်စုများ အလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးလျက်ရှိပြီး ရာနှုန်းပြည့်ထိုးနှံပေးနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီမှစတင်၍ ကာကွယ်ဆေးအကြိမ်ပြည့် မထိုးနှံရသေးသည့် ပြည်သူများအား mobile ထိုးနှံပေးခြင်းနှင့် ဆေးထိုးစုရပ်များတွင် ပုံမှန်ထိုးနှံခြင်းများဖြင့် ကျန်းမာရေးဝန်ထမ်းများက ပြည်သူများအားကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်နှင့် အိုမီခရွန်ဗိုင်းရပ်ကူးစက်မှုမှ ကာကွယ်နိုင်ရန် ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံနိုင်ရန် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဧပြီ ၂၀ ရက်နေ့တွင် မြို့နယ်အတွင်းရှိ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးမထိုးနှံရသေးသည့် (၅၀)ရပ်ကွက်အတွင်းရှိ ပြည်သူများအား ရပ်ကွက်များအရောက် လှည့်လည်ထိုးနှံပေးရာပြည်သူ(၃၀)ဦး၊ မင်္ဂလာအေးကျောင်းတိုက်နှင့် (၄၇)ရပ်ကွက်ဓမ္မာရုံ ဆေးထိုးစုရပ်များတွင် ပထမအကြိမ်ထိုးနှံသူ(၅၄)ဦး၊ ဒုတိယအကြိမ်ထိုးနှံသူ(၁၂၇)ဦးနှင့် တတိယအကြိမ်ထိုးနှံသူ (၁၆၁)ဦးတို့အား ကာကွယ်ဆေးများထိုးနှံပေးခဲ့ကြောင်းသတင်းရရှိသည်။
မြင့်မြင့်ရီ