မော်လမြိုင် ဧပြီ ၂၁
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မော်လမြိုင်ခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ရေချိုခြုံးခြံချွေတာ သုံးစွဲမှုဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ Talk Show ကို ယမန်နေ့ ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲ Talk Show တွင် မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြတ်သီတာက ရေသည် သက်ရှိသတ္တဝါများအတွက် မရှိမဖြစ်လိုအပ်သော အရာဖြစ်သည့်အတွက် ရေချိုများထုတ်ယူ သုံးစွဲရာတွင် စနစ်တကျ ခြိုးခြံချွေတာ သုံးစွဲနိုင်သည့် နည်းလမ်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် အသိပညာပေး Talk Show ဆွေးနွေးရခြင်း ဖြစ်ကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မော်လမြိုင်မြို့နယ် ပတ်ဝန်ကျင်းထိန်းသိမ်းရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသက်နိုင်က မြန်မာနိုင်ငံ၏ ရေချိုရရှိမှု အခြေအနေ၊ ရေချိုအရင်းအမြစ်ဆိုင်ရာ ပြဿနာများ၊ ရေချို အရင်းအမြစ်ရှားပါးရခြင်း အကြောင်းအရင်းများ၊ ရေထုညစ်ညမ်းခြင်း၊ ရေချိုသယံဇာတ ရှားပါးခြင်း၏ အကျိုးအဆက်များ၊ ရေချိုအရင်းအမြစ် ပြဿနာများကို ဖြေရှင်းနိုင်မည့် နည်းလမ်းများကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
ခင်စန်းမြင့်