မိုးကောင်း ဧပြီ ၂၁
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်၌ Grade 5 သင်ရိုးသစ် ဗဟိုအဆင့်နည်းပြသင်တန်းကို ယနေ့နံနက် (၉)နာရီတွင် TOT Online ဖြင့်ပို့ချ သင်ကြားလျက်ရှိကြောင်း သိရသည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် Grade 5 သင်ရိုးသစ် သင်ခန်းစာများကို မူလတန်းအဆင့်သင် ဆရာ၊ ဆရာမများအား စနစ်တကျ လက်တွေ့သင်ကြားပေးနိုင်ရန် နည်ပြများအဖြစ် ရွေးချယ်ပို့ချ သင်ကြားခြင်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
သင်တန်းကို ဧပြီ(၂၀)ရက်မှ (၂၅)ရက်ထိ (၆)ရက်တာကာလဖြင့် ဆရာ (၁၂)ဦး၊ ဆရာမ (၂၄)ဦး စုစုပေါင်း (၃၆)ဦးဖြင့် နံနက် (၉)နာရီမှ ညနေ (၄)နာရီထိ ပို့ချသင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)