ကွန်ဟိန်း ဧပြီ ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၊(Community Centre)ခန်းမ၌ ဒေါက်တာကျော်စိန် ရေးသားသည့် လူငယ်လမ်းညွှန်စာအုပ်ဖြင့် စာဖတ်ဝိုင်းအား ယနေ့နံနက် (၉:၀၀)နာရီ အချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ဇင်မာသွယ်က စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြား ခဲ့ပါသည်။ ယင်းနောက် Book Club အဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များက စာအုပ်ပါ အကြောင်း အရာများအား အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါ စာဖတ်ဝိုင်းအား စာဖတ်သူတိုးပွါးလာစေရန်၊ အားလပ်ချိန်ကို အကျိုးရှိစွာအသုံးချနိုင် စေရန်၊ ဗဟုသုတများဖလှယ်သည့် အလေ့အထများ တိုးပွါးလာစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပြီး Book Club အဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များ စုစုပေါင်း (၁၀)ဦးခန့် ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
ပြည့်(ကွန်ဟိန်း)