ဘူးသီးတောင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ သင်ရိုးသစ် (Grade-5) ဗဟိုအဆင့် နည်းပြ (TOT) Online သင်တန်းဖွင့်လှစ်

ဘူးသီးတောင် ဧပြီ ၂၁

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ သင်ရိုး သစ် (Grade-5) ဗဟိုအဆင့်နည်းပြ (TOT) Online သင်တန်းကို ယနေ့နံနက် (၉) နာရီမှ စတင်၍ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း မေယုရာတနာခန်းမ၌ Online စနစ်ဖြင့် ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဦးမောင်တင်အောင်ကဆရာ၊ ဆရာမတို့အနေဖြင့် သင်ကြား၊ သင်ယူမှုတို့နှင့်ပတ်သက်၍ သင်ရိုသစ် (Grade-5) သင်တန်းကို ပညာရေးသုတေသန စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ Online စနစ်ဖြင့် သင်ကြားပို့ချမှုတို့ကို အလေးထားသင်ယူ လေ့ကျင့်ပေးကြရန် ရှင်းလင်းမှာကြားပြီး၊ သင်တန်းတွင်မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး၊ စာရိတ္တ၊ ပြည်သူ့နီတိနှင့် ကာယပညာရပ်များကို ခေါင်းစဉ်များအလိုက် သင်ကြားပို့ချ ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ သင်ရိုးသစ်(Grade-5)ဗဟိုအဆင့် နည်းပြ (TOT) Online သင်တန်းကို ဧပြီလ ၂၀ ရက်နေ့မှ ၂၅ ရက်နေ့အထိ (၅) ရက်ကြာ သင်ကြားပို့ချပေးမည်ဖြစ်ပြီး၊ သင်တန်းတွင်ဆရာ/ ဆရာမ (၅၈) ဦးတက်ရောက် သင်ယူလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

လှကျော်(ပြန်/ဆက်)