ကွန်ဟိန်း ဧပြီ ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၌ သင်ရိုးသစ် Grade-5 ဗဟိုအဆင့်နည်းပြ (TOT) Online သင်တန်းကို ယမန်နေ့ နံနက်(၉:၀၀)နာရီအချိန်ခန့်က မြို့နယ်ပညာရေးမှူးရုံး၌ ဖွင့်လှစ်သင်ကြားပို့ချပေးကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဒေါ်နန်းဖြူဆိုင် က နည်းပြများမှ ပို့ချသည့် သင်ခန်းစာများကို ဆရာ/ဆရာမများအနေဖြင့် သေချာစွာ လိုက်နာမှတ်သားကြရန်၊ ပြန်လည်ပို့ချသည့်အခါ စနစ်တကျ ပြန်လည် ပို့ချပေးသွားရန် ပြောကြားခဲ့ပါသည်။ သင်တန်းကို ပညာရေးသုတေသန၊ စီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ နည်းပြတို့က Grade-5 သင်ရိုးသစ် သင်ခန်းစာများကို Online ဖြင့် သင်ကြားပို့ချပေးခြင်းဖြစ်ပါသည်။
အဆိုပါသင်တန်းတွင် ဆရာ/ဆရာမ(၁၀)ဦးတက်ရောက်ပြီး၊ နံနက်၉နာရီမှညနေ၄နာရီထိ ဧပြီလ၂၀ရက်နေ့မှ ၂၅ရက်နေ့ထိ သင်တန်းပို့ချသွားမည်ကြောင်း သိရှိရပါသည်။
မြို့နယ် (ပြန်/ဆက်)