ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ကိုဗစ်ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံပေးနိုင်ရေး mobile အစီအစဉ်ဖြင့် သွားရောက်ထိုးနှံ

ဒဂုံအရှေ့ ဧပြီ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်း၌ ကာကွယ်ဆေးထိုးနှံခြင်းကို ရဟန်းရှင်လူ ပြည်သူများအား သက်ဆိုင်ရာ ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိပြီး ရာနှုန်းပြည့်ထိုးနှံပေးနိုင်ရေး အထည်ချုပ် စက်ရုံနှင့် ရပ်ကွက်/ကျေးရွာနေပြည်သူများအား ယမန်နေ့နံနက်ပိုင်းမှစတင်၍  ကာကွယ်ဆေး အကြိမ်ပြည့်မထိုးနှံရသေးသည့်  ပြည်သူများနှင့် တစ်ကြိမ်တစ်ခါမျှ မထိုးနှံရသူများအား mobile အစီအစဉ်ဖြင့် သွားရောက်၍ ဆေးထိုးစုရပ်များတွင် ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ ပေးခဲ့ကြောင်းသိရသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း))မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်နှင့် အိုမီခရွန်ဗိုင်းရပ် ကူးစက်မှုမှ ကာကွယ်နိုင်ရန် ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံနိုင်ရန်နှင့် အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးမထိုးနှံရသေးသူ အသက်(၁၈) နှစ်နှင့် အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး  ထိုးနှံပေးခြင်းကို ယမန်နေ့တွင် မြို့နယ်အတွင်းရှိ စက်မှုဇုန်ရှိ west Wood အထည်ချုပ် စက်ရုံမှ ပထမအကြိမ် Astrazeneca(၉၀)ဦး၊ လေးထောင်ကန်ရပ်ကွက်ရှိ ရွှေပိုင်ထိုက်အထည်ချုပ်မှ ဒုတိယအကြိမ် Covishield (၄၄)ဦး၊ ၇ရပ်ကွက်ဒေသန္တရကျန်းမာရေး ဆေးထိုးစုရပ်တွင်(၁၂၉)ဦး၊ သုံးခွာ ဓမ္မာရုံဆေးထိုးစုရပ်၌ (၁၂၄)ဦး Mobileအစီအစဉ်ဖြင့် စုစုပေါင်း(၃၈၇)ဦး စက်မှုဇုန် အထည်ချုပ် စက်ရုံလုပ်‌နေသူများနှင့် ရပ်ကွက်အတွင်းရှိပြည်သူများအား ရပ်ကွက်များ အရောက် လှည့်လည်၍ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သတင်းရရှိသည်။

ဝင်းအိမွန်