လွိုင်လင် ဧပြီ ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ် ပညာရေးမှူးရုံးတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် သင်ရိုးသစ်(Grade- 5) ဗဟိုအဆင့်နည်းပြ (TOT) Online သင်တန်းဖွင့်ပွဲကို ဧပြီလ ၂၀ ရက် ၊ နံနက် ၀၈:၃၀ နာရီက ဖွင့်လှစ်သည်။
အဆိုပါ သင်ရိုးသစ် ဗဟိုအဆင့်နည်းပြသင်တန်းသို့ လွိုင်လင်မြို့နယ် အခြေခံပညာ မူလတန်း ကျောင်းများမှ ကျောင်းအုပ်ဆရာ/ဆရာကြီးများ ၂၈ ဦးတက်ရောက်ကြပြီး သင်တန်းကို ဧပြီလ ၂၀ ရက်မှ ဧပြီလ ၂၅ ရက်နေ့အထိ သင်ကြားသွားမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံး တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
လွိုင်လင်မိုး