တောင်ကြီးမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီး ၆ လပြည့်သူများအား Booster ဆက်လက်ထိုးနှံပေး

တောင်ကြီး  ဧပြီ  ၂၁

ကိုဗစ်-၁၉ ရောဂါကူးစက်မှု လျော့နည်းပပျောက်စေရန် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီး ၆ လပြည့်သူများအား ယနေ့နံနက် ၉ နာရီမှ စတင်၍ မြို့တော်ခန်းမတွင် Booster ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

ထိုသို့ထိုးနှံပေးရာတွင် တောင်ကြီးမြို့နေ ကာကွယ်ဆေးထိုးပြည်သူများအား မြို့နယ်အဆင့် ဌာန ဆိုင်ရာများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ စေတနာဝန်ထမ်းများက စာရင်း မှတ်တမ်းရေးသွင်းကောက်ယူခြင်း၊ ကျန်းမာရေးဌာနမှဝန်ထမ်းများက ကျန်းမာရေး စစ်ဆေး ပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေးများကို စနစ်တကျ ထိုးနှံပေးကြောင်း သိရသည်။

အဆိုပါ Booster ထိုးနှံခြင်းကို မြို့တော်ခန်းမတွင် ဧပြီလ ၂၁ ရက်မှ  ၂၃ နေ့အထိ ၃ ရက် ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်းနှင့် Booster ထိုးနှံမည့် ပြည်သူများအနေဖြင့် Covishield /Sinopharm ဆေးထိုးပြီး ကတ်ပြားနှင့် မှတ်ပုံတင် ယူဆောင်လာရန်လိုအပ်ကြောင်း   သိရသည်။

ဇော်နိုင်လင်း