ပေါင် ဧပြီ ၂၁
မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ယခင်ချေးငွေမျာ ပြန်လည်ပေးဆပ်ရေးနှင့် ချေးငွေသစ်များ ထုတ်ချေးပေးရေးညှိနှိုင်းဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ဝါရီရူခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ရုံးချုပ်)မှ DGM ဒေါ်သွေးသွေးက လယ်ယာ စိုက်ပျိုးသူများအနေဖြင့် ၂၀၁၆ခုနှစ်မှစပြီး တစ်ဧက တစ်သိန်းငါးသောင်းနှုန်းဖြင့် စတင်ထုတ်ချေး ခဲ့ကြောင်း ၂၀၂၂မိုးချေးငွေကို မေလဆန်းမှစ၍ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း JICA, MEBချေးငွေများကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ထုတ်ချေးပေးနေကြောင်း၊ ကြွေးဟောင်းပေးဆပ်ပြီး ကြွေးသစ်တွေကို ပြန်ချေးပေး သွားမည်ဖြစ်ကြောင်းဆွေးနွေးသည်။
မွန်ပြည်နယ်မန်နေဂျာ ဦးကျော်စွာလှိုင် ကချေးငွေထုတ်ချေး ပေးရာတွင်ငွေတစ်ရာကျပ်ကို ၄၂ ပြားနှုန်း ဖြင့် ထုတ်ချေးပေးနေခြင်းဖြစ်ကြောင်း မပေးချေပါက ဒဏ်ကြေးငွေ ၅၀ ပြား တစ်ဆက်တည်းပေးဆောင်ရမည်ဖြစ်ကြောင်း NPL မဖြစ်အောင် အကြွေးတွေ ဆုံးရှုံးမှုမရှိအောင် ပေးဆပ်သွားကြ ရမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိုက်ထွန်း ကစိုက်ပျိုးစရိတ်ချေးငွေမျာကို ရာသီ သီးနှံပေါ်ချိန်တွင်မှာ အကြေပေးဆပ်သွားရန် မှာကြား ဆွေးနွေးခဲ့သည်။
ထို့နောက် ရပ်ကွက်/ကျေးရွာချေးငွေ စိစစ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ အစုအဖွဲ့အတွင်းရေးမှုးများ၊ တောင်သူလယ်သမားများမှ သိရှိလိုသည်များကို မေးမြန်းပြီးတာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရှိရသည်။
တင်ဇာစိုး
မြို့နယ်(ပြန်/ဆက်)