စမ်းချောင်း ဧပြီ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်၌ နွေရာသီကာလ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး မီးလောင်၊ မီးလန့်မှုမရှိစေရေးအတွက် အစိုးရဌာနများသို့ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့မွန်းလွဲ ၂:၀၀ နာရီအချိန်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက လိုက်လံစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
ထိုသို့လိုက်လံစစ်ဆေးရာတွင် အစိုးရဌာနများရှိ မီးသတ်ဆေးဘူးများ၏ အရည်အသွေး၊ မီးဘေးအန္တရာယ် ကျရောက်လာပါက မီးသတ် ဆေးဘူး အသုံးပြုပုံ၊ မီးလောင်၊ မီးလန့်မှု မဖြစ်စေရေး လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် မီးဘေးအန္တရာယ် ကျရောက်လာပါက ဆက်သွယ် ဆောင်ရွက်ရမည့် နည်းလမ်းများအား ရှင်းလင်းပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိ ရသည်။
ခင်ငြိမ်းချမ်းဝင်း