မိုင်းဖြတ်မြို့နယ်၌ Grade-5 ဗဟိုအဆင့်နည်းပြ (ToT)Online သင်တန်းသို့တက်​ရောက် မိုင်းဖြတ်မှ ဆရာ၊ ဆရာမများတက်​ရောက်

မိုင်းဖြတ် ဧပြီ  ၂၁

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ပညာ​ရေးသုတေသန၊ စီမံကိန်းနှင့် ​လေ့ကျင့်​ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် (Grade-5) ဗဟိုအဆင့်နည်းပြ(ToT) Online သင်တန်းကို ယ​နေ့နံနက်ပိုင်းက အထက(မိုင်းဖြတ်)၌ ကျင်းပပြုလုပ်​ကြောင်း သိရသည်။

ထိုသင်တန်းကို  ပညာရေးဝန်ကြီးဌာန၊ ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာနမှ  နည်းပြ ဆရာ၊ ဆရာမများက Online(Zoomaccount)ဖြင့် သင်ကြားပို့ချပေးခြင်း ဖြစ်ပြီး မိုင်းဖြတ်မြို့နယ်မှ ဆရာ/မ(၁၅)ဦး တက်ရောက်လျက်ရှိ​ကြောင်း သိရသည်။

အဆိုပါသင်တန်းကို ဧပြီလ၂၀ရက်မှ​ ၂၅ရက်​နေ့အထိ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်ချာ၊ သိပ္ပံ၊ လူမှု​ရေး၊ စာရိတ္တ၊ ပြည်သူ့နီတိ၊ ကာယပညာရပ်များကို သင်ကြားပို့ချသွားမည်ဖြစ်ပြီး မြို့နယ်အဆင့် သင်တန်းကို​ ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်​ကြောင်း သိရသည်။

သန်းထွန်း​အေး