သင်္ဃန်းကျွန်း ဧပြီ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်း၌ ကာကွယ်ဆေးထိုးနှံခြင်းကို ရဟန်းရှင်လူ ပြည်သူများအား သက်ဆိုင်ရာ ဦးစားပေး အစီအစဉ်အလိုက် ဦးတည်အုပ်စုများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိပြီး ရာနှုန်းပြည့် ထိုးနှံပေးနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်၈ နာရီမှ ညနေ ၃ နာရီအထိ အကြောင်းအမျိုးမျိုး ကြောင့် ကာကွယ်ဆေးမထိုးနှံရသေးသည့် ပြည်သူများအား COVID SHIELD ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများကို သုဝဏ္ဏ(၂၉)ရပ်ကွက်၊ မင်းဒင်လမ်း ပုညကာရီဓမ္မာရုံနှင့် ကျိုက္ကစံ ဘုရားဝန်းအတွင်းရှိ ဓမ္မဗိမာန်တော်ဓမ္မာရုံတို့၌ ကိုဗစ်ရောဂါကာကွယ်ဆေးများကို ဆက်လက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
သင်္ဃန်းကျွန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်နှင့် အိုမီခရွန်ဗိုင်းရပ်ကူးစက်မှုမှ ကာကွယ်နိုင်ရန် ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက်(၁၈) နှစ်နှင့် အထက်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့တွင် COVID SHIELD ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံသူ (၄၅) ဦးနှင့် ဒုတိယအကြိမ်ထိုးနှံသူ ( ၂၈ )ဉီး၊ COVID SHIELD ( Booster ) ထိုးနှံသူ (၇၅)ဉီးတို့အား ထိုးနှံ ပေးခဲ့ကြောင်း သတင်းရရှိသည်။
စန္ဒာမိုး