မိုင်းခုတ် ဧပြီ ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မိုင်းခုတ်မြို့ပြည်သူ့စာကြည့်တိုက် Facebook Page မှ တစ်ဆင့် အသိပညာပေးအစီအစဉ်များရိုက်ကူး လွှင့်တင်ပေးလျက်ရှိရာယနေ့တွင် ပုံပြင်ပြောပြခြင်းအစီအစဉ်ကို ရိုက်ကူးလွှင့်တင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပုံပြင်ပြောပြခြင်းအစီအစဉ်ကို အငယ်တန်းစာရေး ဒေါ်ဇင်မီမီထွန်းက ရိုက်ကူးလွှင့်တင်ပေးခဲ့ခြင်းဖြစ်ပြီး ယင်းတလဲစာပေနှင့်ယဉ်ကျေးမှုကော်မတီမှ ရေးသားထုတ်ဝေသည့် ''တာဝန်ကိုယ်စီ''ပုံပြင်နှင့် ဂုံရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ ရေးသားထုတ်ဝေသည့်''ပုတ်သင်ညို''ပုံပြင်တို့ဖြစ်ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းခုတ်မြို့ရုံးအနေဖြင့် ကျောင်းနေအရွယ်ကလေး များဉာဏ်ရည်၊ ဉာဏ်သွေးဖွံ့ဖြိုးတိုးတက်လာစေရန်၊ အသိပညာဗဟုသုတများရရှိစေရန် ပုံပြင်ပြောပြခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ စာအုပ်မိတ်ဆက်ခြင်းစသည့် ပြည်သူ့ဝန်ဆောင်မှုအစီအစဉ်များ ရိုက်ကူးကာ Online မှ တစ်ဆင့်လွှင့်တင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)