ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ သင်ရိုးသစ် (Grade-5) ဗဟိုအဆင့် နည်းပြ (TOT) Online သင်တန်း ဖွင့်လှစ်

ဒဂုံအရှေ့ ဧပြီ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ သင်ရိုးသစ် (Grade-5) ဗဟိုအဆင့်နည်းပြ (TOT) Online သင်တန်းကို ယမန်နေ့၊ နံနက် (၉) နာရီမှ စတင်၍ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ပညာရေးမှူးရုံး၌ Online စနစ်ဖြင့် ဖွင့်လှစ်သင်ကြား ပေးလျက်ရှိသည်။

၎င်းနောက် သင်တန်းတက်ရောက် နေသောဆရာ၊ ဆရာမတို့အနေဖြင့် သင်ကြား၊ သင်ယူမှုတို့နှင့် ပတ်သက်၍ သင်ရိုသစ် (Grade-5) သင်တန်းကို ပညာရေး သုတေသနစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ Online စနစ်ဖြင့် သင်ကြားပို့ချမှုတို့ကို အလေးထားသင်ယူလျက်ရှိခြင်း၊ သင်တန်းတွင်မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး၊ စာရိတ္တ၊ ပြည်သူ့နီတိနှင့် ကာယပညာရပ်များကို ခေါင်းစဉ်များအလိုက် သင်ကြားပို့ချပေးမှုအား သင်ယူလျက်ရှိကြောင်း သိရသည်။

အဆိုပါ သင်ရိုးသစ် (Grade-5) ဗဟိုအဆင့်နည်းပြ (TOT) Online သင်တန်းကို ဧပြီလ ၂၀ ရက်နေ့မှ ၂၅ ရက်နေ့အထိ (၅) ရက်ကြာ သင်ကြားပို့ချ ပေးမည်ဖြစ်ပြီး၊ သင်တန်းတွင်ဆရာ/ ဆရာမ (၁၂) ဦးတက်ရောက် သင်ယူလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဝင်းအိမွန်(ပြန်/ဆက်)