နောင်ချိုမြို့နယ်တွင် သင်ရိုးသစ်(Grade-5)နည်းပြ Onlineသင်တန်းဖွင့်လှစ်သင်ကြား

နောင်ချို  ဧပြီ   ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ပညာရေးဝန်ကြီးဌာနမှ ကြီးမှူး၍ သင်ရိုးသစ်(Grade5)နည်းပြ Onlineသင်တန်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်မှစ၍ နောင်ချိုမြို့နယ် ပညာရေးမှူးရုံး၌ ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။

သင်တန်းတွင် မြန်မာစာ၊အ င်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး၊ စာရိတ္တပြည်သူ့နီတိ နှင့် ကာယပညာရပ်များကို ဧပြီလ၂၀ရက်မှ၂၅ရက်နေ့ အထိသင်ကြားပို့ချသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းတွင် နောင်ချိုမြို့နယ်မှ ဆရာ၊ ဆရာမ၃၉ဦး တက်ရောက်သင်ကြားလျက်ရှိပြီး သင်တန်းပြီးဆုံးပါက နောင်ချိုမြို့နယ်အတွင်းရှိ ဘာသာရပ်သင် ဆရာ၊ဆရာမများအား ဆင့်ပွားသင်တန်း ဖွင့်လှစ်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ထွေးငယ် (ပြန်/ဆက်)