လှိုင်သာယာ (အနောက်ပိုင်း) ဧပြီ ၂၁
ရန်ကုန်မြောက်ပိုင်ခရိုင်၊ လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာတို့ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန Community Centre တွင် စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေဖတ်ရှုခြင်းဖြင့် စာပေဗဟုသုတရရှိစေရေး၊ စာပေဖတ်ရှုခြင်းဖြင့် အတွေးအခေါ်မြှင့်မားလာစေရန် ရည်ရွယ်ပြီး ယနေ့မွန်းလွှဲ(၁) နာရီ အချိန်တွင် လူငယ်နှင့်စာပေအသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ ပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေး Talk Show ဆွေးနွေးပွဲတွင် လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ (တာဝန်ပေး)ဒေါ်သိန်းသိန်းက Talk Show ဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး စာရေးဆရာ အယ်ဒီတာ ဦးသူရဇော်(ဉာတတ္ထစရိယာ)က စာပေ၏အရေးပါမှု၊ လူငယ်များအနေဖြင့် စာဖတ်ဖို့၊ စာပေ၏ အကျိုးကျေးဇူးများကို လူငယ်များ သိရှိလိုက်နာ ဖတ်မှတ်လေ့လာရန် ဆွေးနွေးပြောကြားပေးခဲ့ကြောင်း သိရသည်။
သိန်းသိန်း (လှိုင်သာယာအနောက်ပိုင်း)