သုံးခွမြို့နယ်တွင် နွေရာသီ အေရိုးဗစ်သင်တန်း ဆင်းပွဲကျင်းပ

သုံးခွ ဧပြီ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီး ဌာနတို့ ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယမန်နေ့ည‌နေ၃နာရီအချိန်က အေရိုးဗစ်သင်တန်း ဆင်းပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးက ကျောင်းသား/ကျောင်းသူများ နွေရာသီ ကျောင်းပိတ်ရက်တွင် လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံထူးချွန်ကာ ကျန်းမာကြံ့ခိုင်သည့် လူငယ်များဖြစ်ပေါ်လာစေရေး ၊စာရိတ္တ ကောင်းမွန်စေရေး၊ မိမိနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အားကိုးအားထားရသည့် လူငယ်များပေါ်ထွန်းလာစေရေး၊ နိုင်ငံနှင့်လူမျိုးကို ချစ်မြတ်နိုး တန်ဖိုးထားပြီး အသိပညာ၊ အတတ်ပညာများကို နွေရာသီကျောင်းပိတ်ရက်တွင် လေ့လာဆည်းပူးကြရန်နှင့် အသိပညာဗဟုသုတရရှိစေဖို့ အတွက် စာကြည့်တိုက်ကိုလာရောက်၍ စာပေများလာရောက်ဖတ်ရှုနိုင်ပါကြောင်းစသည်ဖြင့် ပြောကြားခဲ့သည်။

အဆိုပါ ကိုယ်ကာယလေ့ကျင့်ခန်းအေရိုးဗစ်သင်တန်းကို နည်းပြဆရာမ ဒေါ်ပပမှ သင်တန်းသား/သူများအား အေရိုးဗစ် အခြေခံကကွက် (၄၆)ကွက်ရှိသည့်အနက် ပထမနေ့တွင် အခြေခံကကွက် (၃၀)ကွက်အားရှင်းလင်းခြင်း နှင့်သရုပ်ပြကပြခဲ့ပြီးနောက် ၁၉ ရက်နေ့ ဒုတိယနေ့တွင် ကျန်ရှိခဲ့သည့် အခြခံကကွက် (၁၆)ကွက်ကို သင်ကြားပေးခဲ့သည်။ ညနေ၃နာရီအချိန်တွင် သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက် လာသူ သင်တန်းသား/၂၀ ဦးမှ ကိုယ်ကာယလေ့ကျင့်ခန်းဖြစ်သည့် အေရိုးဗစ်အားကစားကို သရုပ်ပြကပြ ဖျော်ဖြေခဲ့ကြသည်။

စည်သူလင်း