မိုင်းခုတ်မြို့၊ ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်း၌ စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ

မိုင်းခုတ် ဧပြီ ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်း၌ ယနေ့ နံနက် ၉ နာရီက စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်ယဉ်ယဉ်ဝင်းက ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ဆွေးနွေးပြောကြားပြီး စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပရာ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၁၂)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများကို ဂုဏ်ပြုဆုလက်ဆောင်များနှင့် အာဟာရဖြည့်မုန့်များ ပေးအပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ စာဖတ်စွမ်းရည်ပြိုင်ပွဲကို ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များ ဉာဏ်ရည်၊ ဉာဏ်သွေး ထက်မြက်စေရန်၊ အသိပညာဗဟုသုတရရှိစေရန်၊ ပါဝင်ယှဉ်ပြိုင်တတ်သည့် အလေ့အထရရှိစေရန်၊ စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်စေရန်၊ စာဖတ်သည့်အလေ့အထရရှိစေရန်ရည်ရွယ်၍ ကျင်းပရခြင်း ဖြစ်ကြောင်းသိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)