နမ့်ဆန် ဧပြီ ၂၁
ရှမ်းပြည်နယ် ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ယနေ့မွန်းလွှဲပိုင်း ၁ နာရီက "လူငယ်ရေးရာ" အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်၊
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းဆိုင်လီခမ်းက “မျိုးဆက်သစ်လူငယ်များ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး အကြောင်းအရာပါ မျိုးချစ်စိတ်ဓာတ်ဆိုသည်မှာ တိုင်းပြည်နှင့်လူမျိုးကို ချစ်ခင်သည့် စိတ်ဓာတ် ဖြစ်ပြီး ပြည်ထောင်စုဖွားတိုင်းရင်းသားများက အတူတကွပူးပေါင်း ပါဝင်သည့် စိတ်ဓာတ် ဖြစ်ကြောင်း အမျိုးသားရေးဝါဒကို ဖော်ထုတ်မြှင့်တင်ရာမှာ အတိတ်သမိုင်း “ဇာတိပုည၊ ဂုဏ် မာန” အရ တက်ကြွဖွယ်ရာတွေကို ပြန်လည်ညွှန်းပြနိုင်ရေးအတွက် “မျိုးရိုးကတန်ခိုးကြီးခဲ့ပေ ထီးနန်းကစံမြန်းလာ တာတွေ” စသည့်ဂီတအနုပညာဆိုင်ရာအဖွဲ့အနွဲ့များက မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေရန်အတွက် အင်အားဖြစ်စေခဲ့သည် နိုင်ငံနဲ့လူမျိုး တည်တံ့ခိုင်မြဲစေရန် မျိုးချစ်စိတ်ဓာတ်ဖြင့် တုပ်နှောင်ထားရမယ်ဆိုတာ တကယ့်အမှန် တရားဖြစ်ပါတယ်။ နိုင်ငံနဲ့ လူမျိုး တည်တံ့ရေးအတွက် မျိုးချစ်စိတ်ဓာတ်နှင့်အမျိုးသားရေးဝါဒတွေကိုတာဝန်ကိုယ်စီ ယူကြရ တဲ့ အရွယ်တွေမှာလည်း မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် လက်ဆင့်ကမ်းထိန်းသိမ်းကြရမှာ ဖြစ်ပါတယ်လို့ ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့် ကျန်းမာရေး အကြောင်းတို့ကို ဆွေးနွေးခဲ့ကြပြီး လူငယ်များအသိ ပညာဗဟုသုတရရှိစေရန်အတွက် Online စနစ်ဖြင့် ထုတ်လွှင့်တင်ဆက် ခဲ့ကြောင်းသိရသည်။
နမ့်ဆန်ဒေသပြန်/ဆက်