ဝေါ ဧပြီ ၂၁
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် သင်ရိုးသစ် Grade-5 ဗဟိုအဆင့်နည်းပြ (TOT) Online သင်တန်းကို ပညာရေးဝန်ကြီးဌာန၊ ပညာရေး၊သုတေသန၊စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနကဦးစီး၍ ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်ပညာရေးမှူးရုံးရှိ အစည်းအဝေးခန်းမ၌ ဖွင့်လှစ်သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဦးကြည်စိုးက သင်တန်းဖွင့်အမှာစကားပြောကြားပြီး၊ သင်ရိုး သစ် Grade-5 ဗဟိုအဆင့်နည်းပြ (TOT) Online သင်တန်းဖွင့်လှစ်ပေးသည်။
အဆိုပါသင်တန်းတွင် မူလတန်းအဆင့်(Grade-5)သင်ရိုးသစ် ဘာသာစုံ(မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး၊ စာရိတ္တနှင့်ပြည်သူ့နီတိ၊ ကာယ)ဘာသာရပ်သင်ခန်းစာများကို(၂၀-၄-၂၀၂၂) ရက်နေ့မှ (၂၅-၄- ၂၀၂၂)ရက်နေ့ထိ (၆) ရက်ကြာ ဆရာ/ဆရာမ (၄၁)ဦးတို့အား Online ဖြင့် သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စိုးမိုး(ပြန်/ဆက်)