ကျောက်ဖြူ ဧပြီ ၂၁
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့၊ မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ သင်ရိုးသစ် Grade-5 ဗဟိုအဆင့်နည်းပြ(TOT) Online သင်တန်းကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်ပညာရေးမှူးရုံးရှိ အစည်းအဝေးခန်းမ၌ Online စနစ်ဖြင့်ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ကျောက်ဖြူမြို့နယ်ပညာရေးမှူး ဒေါ်နုနုသာက ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် မူလတန်းသင်ရိုးသစ် Grade-5 ဘာသာရပ်များအား ပညာရေးသုတေသနာစီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာနက ပို့ချပေးသွားမည်ဖြစ်ပါကြောင်း၊ မူလတန်းအဆင့် သစ်ရိုးသစ် KG မှ ယခု Grade-5 သင်တန်းအထိ သင်ကြားပို့ချပေးခဲ့ပြီး ဆက်လက်၍ Grade-8 ၊ Grade-11 ဆက်လက်ပို့ချရန် စီစဉ် ဆောင်ရွက်ထားရှိပြီးဖြစ်ပါကြောင်း၊ Online သင်တန်းဖြစ်သည့် အတွက်ပို့ချသည့် ဘာသာရပ်များကို အလေးထား သင်ယူကြရန် ပြောကြား ခဲ့သည်။
အဆိုပါသင်တန်းကို ကျောက်ဖြူမြို့နယ်ရှိ အခြေခံပညာကျောင်းများမှ မူလတန်းကျောင်းအုပ် ဆရာ၊ ဆရာမ(၆၂)ဦး တက်ရောက်လျက်ရှိပြီး သင်တန်းကာလကို ဧပြီ ၂၀ ရက်မှ ဧပြီ ၂၅ ရက်နေ့ အထိ(၆)ရက်ကြာဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဖြိုးဝေလင်း၊တင်ထွန်းဦး