သံတွဲမြို့၌ Mobil Library မော်တော်ယာဉ်ဖြင့် ကျေးရွာများအရောက် စာအုပ်များ၍ငှားရမ်းပေး

သံတွဲ ဧပြီ ၂၁

သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ပြည်သူများ စာအုပ် စာပေများကို လေ့လာဖတ်ရှုသည့် အလေ့အထကောင်းများ ဖြစ်ပေါ်လာစေပြီး အသိပညာ ဗဟုသုတများ တိုးပွါးလာစေရေးအတွက် ယမန်နေ့နံနက် ၁၁ နာရီက Mobil Library မော်တော်ယာဉ်ဖြင့် မျှော့ဝှမ်းကျေးရွာ သွားရောက်ပြီး ကိုဗစ်-၁၉ ရောဂါလမ်းညွှန်ချက်များနှင့်အညီ စာအုပ်များကို ငှားရမ်းပေးခဲ့သည်။

ထိုသို့ငှားရမ်းရာတွင် ကျေးရွာနေပြည်သူများ အားရဝမ်းသာစွာဖြင့် MobilLibrary မော်တော်ယာဉ်သို့ လာရောက်ပြီး သုတ/ရသ စာအုပ်များကိုငှါးယူကြရာ တစ်ယောက်လျှင် နှစ်အုပ်နှုန်းဖြင့် တစ်ပတ်ကြာ ငှားရမ်းပေးခဲ့သည်။

ယခုကဲ့သို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ကျေးရွာများသို့ သွားရောက်၍ အိမ်တိုင်ရာရောက်ငှားပေးခြင်းမှာ ကျေးရွာနေပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ စာအုပ်၊ စာစောင်များကို လွယ်ကူစွာ ဖတ်ရှု့လေ့လာနိုင်ပြီး အသိပညာဗဟုသုတများ တိုးပွါးလာစေရေးတို့အတွက် ဝန်ဆောင်မှုပေးခြင်းဖြစ်သည်။

မေမွန်ထွဋ်