ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာအလယ်တန်းအဆင့် Grade-5(TOT) ဗဟိုအဆင့်နည်းပြသင်တန်း ကို သင်တန်းကို online မှ ပို့ချ

ဒဂုံဆိပ်ကမ်း ဧပြီ  ၂၁

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ ပညာရေးမှူးရုံးတွင် နံနက်(၉:၀၀)နာရီ အချိန်မှစတင်၍ ညနေ(၄:၀၀)နာရီအထိ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာ အလယ်တန်းအဆင့် Grade -5(TOT) ဗဟိုအဆင့်နည်းပြသင်တန်းကို  online မှ zoom ဖြင့် ပညာရေးသုတေသနနှင့် စီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ ပို့ချခဲ့ကြောင်းသိရသည်။

အဆိုပါသင်တန်းကို မြို့နယ်အတွင်းရှိ အလယ်တန်းအဆင့် Geade-5သင်ကြားသော ဆရာ၊ ဆရာမများကို ပို့ချသည့်သင်တန်းဖြစ်ပြီး မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊သိပ္ပံ၊ လူမှုရေး၊စာရိတ္တနှင့် ပြည်သူ့နိတိ၊ကာယပညာဘာသာရပ်တို့ကို ပို့ချမှာဖြစ်ပါတယ်။သက်တန်းကာလကတော့၂၀-၄-၂၀၂၂ မှ၂၅-၄-၂၀၂၂ အထိ ပို့ချသွားမှာဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးဒေါ်အေးမာလွင်ထံမှ သိရပါသည်။

ဗဟိုအဆင့် နည်းပြသင်တန်း(TOT) Grade-5 ကို တက်ရောက်ပြီးပါက ဆင့်ပွားသင်တန်းကိုလည်း ပြန်လည်ပို့ချသွားမှာဖြစ်ကြောင်း၊ နောက်ထပ်  Grade-8 နှင့် Grade-11 နည်းပြ သင်တန်းများကိုလည်း ဆက်လက်ပို့ချသွားမှာဖြစ်ကြောင်း၊၂၀၂၂-၂၀၂၃, ပညာသင်နှစ်တွင် စနစ် သစ်ပညာရေး စတင်မည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

လဲ့လဲ့