သင်္ဃန်းကျွန်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ပညာသင်နှစ်၊ သင်ရိုးသစ် (Grade-5) ဗဟိုအဆင့်နည်းပြ (ToT) online သင်တန်း စတင်ဖွင့်လှစ်

သင်္ဃန်းကျွန်း ဧပြီ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ပညာသင်နှစ်၊ သင်ရိုးသစ် Grade-5 ဗဟိုအဆင့် နည်းပြ (ToT) သင်တန်းကို ယနေ့နံနက် ၉ နာရီ မှ ညနေ ၄ နာရီ အထိ မြို့နယ်ပညာရေးမှူးရုံးတွင်  online စနစ်ဖြင့် စတင်ဖွင့်လှစ်သင်ကြား ပေးလျက် ရှိကြောင်း  သိရသည်။

ရှေးဦးစွာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ဆရာမ ၃၂ ဦး တို့မှ လာရောက် သင်ယူလျက်ရှိပြီး ယနေ့တွင် Generic Topics ၊ ဘာသာရပ်ဖွဲ့စည်းပုံ၊ Video lesson (နံရံကပ် စာစောင် လုပ်ကြမယ်)၊ တွေ့ဆုံမေးမြန်းခြင်း၊ မိမိနှစ်သက်သော အစားအစာပြုလုပ်နည်းနှင့် ပလပ်စတစ်အိပ်ကလေး ခရီးစဉ်အစရှိသည့်ခေါင်းစဉ်များကို  သင်ကြားပို့ချပေးမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်း တက်ရောက်ပြီးသည့် ဆရာ၊ဆရာမများအနေဖြင့် မိမိတို့သက်ဆိုင်ရာ စာသင်ကျောင်းများသို့ ပြန်လည်ရောက်ရှိသည့်အခါ ယခုသင်ခန်းစာများအား ပြန်လည် သင်ကြားပို့ချ ပေးရမည်ဖြစ်ကြောင်း သိရသည်။

 သင်ရိုးသစ် Grade-5 (ToT)online သင်တန်းကို ဧပြီလ (၂၀)ရက်နေ့မှ ဧပြီလ (၂၅)ရက်နေ့ အထိ (၅)ရက်ဖွင့်လှစ် သင်ကြားပို့ ချသွားမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးဉီးသိန်းထွန်း ထံမှ သတင်းရရှိသည်။

စန္ဒာမိုး