တောင်ကြီးမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ သင်ရိုးသစ် (Grade-5) ဗဟိုအဆင့်နည်းပြ (ToT)online သင်တန်းဖွင့်လှစ်ပို့ချ

တောင်ကြီး  ဧပြီ  ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ သင်ရိုးသစ် (Grade-5) ဗဟိုအဆင့်နည်းပြ (ToT) သင်တန်းကို အ.ထ.က (၁)၊ ဒေါ်ခင်သိန်းခန်းမတွင် ယမန်နေ့ နံနက် ၉ နာရီကစတင်၍ online စနစ်ဖြင့် စတင်ဖွင့်လှစ် သင်ကြား‌ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါသင်တန်းသို့ တောင်ကြီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ဆရာမ (၈၅) ဦး တက်ရောက်လျက်ရှိပြီး သင်တန်းတွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး၊ စာရိတ္တနှင့် ပြည်သူ့နီတိ၊ ကာယပညာဘာသာရပ်များ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း တက်ရောက် လျက်ရှိသော ဆရာ၊ ဆရာမများ အနေဖြင့် သင်တန်းပြီးမြောက်ပါက မိမိတို့ သက်ဆိုင်ရာ စာသင်ကျောင်းများတွင် သင်ခန်းစာများအား ပြန်လည်ဆင့်ပွား ပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

သင်ရိုးသစ် (Grade-5) ဗဟိုအဆင့်နည်းပြသင်တန်းကို ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနက Online စနစ်ဖြင့် ပို့ချလျက်ရှိကြောင်းနှင့် သင်တန်းကို ဧပြီလ(၂၀) ရက်နေ့မှ ဧပြီလ (၂၅)ရက်နေ့အထိ (၅)ရက်တိုင်တိုင် ဖွင့်လှစ်သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဇော်နိုင်လင်း