သထုံ ဧပြီ ၂၁
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် Grade- 5 သင်ရိုးသစ် ဗဟိုအဆင့် Online သင်တန်းကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၄)အခြေခံပညာ အထက်တန်း ကျောင်း၌ ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
အဆိုပါ သင်တန်းကို ပညာရေးသုတေသနစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနမှဦးစီး၍ online စနစ်ဖြင့် ဖွင့်လှစ်ခြင်းဖြစ်ပြီး သထုံမြို့နယ်အတွင်းရှိ မူလတန်းကျောင်းအုပ် ဆရာကြီး၊ ဆရာမ ကြီး (၅၂) ဦးတို့တက်ရောက်သင်ကြားလျှက်ရှိကြောင်း ဗဟိုအဆင့်မှ သင်တန်းနည်းပြ ဆရာ၊ ဆရာမများက မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး၊ စာရိတ္တနှင့်ပြည်သူ့နီတိနှင့် ကာယပညာ ဘာသာရပ် (၇) မျိုးကို ဧပြီလ ၂၀ ရက်နေ့မှ ၂၅ ရက်နေ့အထိ ၆ ရက်ကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သထုံမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
ကိုကိုဦး(ပြန်/ဆက်)