ကျောက်ဆည်မြို့နယ်၌ စိုက်ပျိုးမြေများ ရေလုံလောက်စွာပေးဝေနိုင်ရေး ရေပေးပြွန်များနှင့် ရေကျအဆောက်အအုံများ ပြုပြင်ပေးသွားမည်ဖြစ်

ကျောက်ဆည် ဧပြီ၂၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ဆည်ရေသောက်စနစ်ဖြင့် စိုက်ပျိုးနေသည့် မြေများ ရေလုံလောက်စွာ ပေးဝေနိုင်ရေး ရေပေးပြွန်များနှင့် ရေကျအဆောက်အအုံများအား မြို့နယ်ဆည်မြောင်းနှင့် အသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ပြည်ထောင်စုခွင့်ပြုရန်ပုံငွေများဖြင့်  ပြန်လည်ပြုပြင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများမှာ နောင်ခမ်းဆည်ရေသောက်စနစ် ကဒူးမြောင်း၌ ပေတိုင် အာဒီ ၆+၃၂၇ အတွင်းရှိ စိုက်ပျိုးရေတိုက်ရိုက်ပေးပြွန်(၅)လုံး၊ သင်းဒီးမြောင်း၌ ပေတိုင်အာဒီ ၁၁+၇၃၅ရှိ ရေကျ အဆောက်အအုံနှင့် ပေတိုင်အာဒီ၁၇+၀၈၀ရှိ ရေကျအဆောက်အအုံ၊  ပဲခင်းမြောင်း၌ ပေတိုင် အာဒီ၆+၅၇၅ရှိ ရေကျအဆောက်အအုံ သင်းဒီးမြောင်း၌ ပေတိုင်အာဒီ ၂၁+၅၅၀နှင့် ပေတိုင် အာဒီ၂၅+၆၉၀ အတွင်းရှိ စိုက်ပျိုးရေတိုက်ရိုက်ပေးပြွန် (၆)လုံးတို့ ပြုပြင်ပေးပေသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများ ဆောင်ရွက်ပြီးပါက စိုက်ပျိုးမြေများ ရေများပေးဝေရာတွင် အလေအလွင့်လျော့နည်းပြီး လိုအပ်သည့်  ရေပမာဏပြည့်မီစွာဖြင့် စိုက်ပျိုးသီးနှံများအောင်မြင်စွာ ပေးဝေနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)