မတ္တရာမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၆၂) လုံး ပျက်စီး

မတ္တရာ ဧပြီ

ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် ယမန်နေ့ လေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းတော်ကြီး ကျောင်းနှင့် လူနေအိမ်များ ပျက်စီးမှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။

ထိုသို့လေပြင်းတိုက်ခတ်မှုကြောင့် ပေါက်ဝဲကျေးရွာရှိ လူနေအိမ်(၂၀)လုံး၊ လှိုင်ကျွန်းကျေးရွာမှ ဘုန်းတော်ကြီးကျောင်း () ကျောင်း၊ လူနေအိမ် () လုံးနှင့် စာသင်ကျောင်းမှ အိမ်သာတစ်လုံး၊ နန်းတော်ကျွန်းကျေးရွာမှ နေအိမ်(၁၇)လုံး၊ ဆူးကားကျေးရွာမှ နေအိမ်()လုံး၊ ဆင်ကျွန်း ကျေးရွာမှ လူနေအိမ်(၁၆)လုံး၊ အိုင့်ဒိုင်ကျေးရွာမှ လူနေအိမ်()လုံး စုစုပေါင်း အိမ်ခြေ(၆၂)လုံး ပျက်စီးခဲ့ပြီး  ကျား(၁၇၉)ဦး၊ (၈၆)ဦး စုစုပေါင်းလူဦးရေ (၂၆၅) ဦးတို့ လေဘေးသင့်ခဲ့သည်။

အဆိုပါ လေဘေးသင့်ပြည်သူများ၏ စားသောက်နေထိုင်ရေးများအား သက်ဆိုင်ရာ ကျေးရွာ အုပ်စုအုပ်ချုပ်ရေးများ၏ အစီအစဉ်ဖြင့် စီစဉ်ဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။

စိုးကျော်သူထွေး (မတ္တရာ)