နောင်ချိုမြို့နယ်၌ လူငယ်နှင့် မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေး

နောင်ချို ဧပြီ ၂

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင် ၊နောင်ချိုမြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊  (Community Centre)ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းတို့ပူးပေါင်း၍ လူငယ်နှင့်မူးယစ်ဆေးဝါးဆိုင်ရာအသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကျန်းမာရေးစည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းထွေးက Talk Show ဆွေးနွေးပွဲ ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး  မြို့နယ်မူးယစ်ဆေးဝါးဆန့်ကျင်ရေး ဥက္ကဋ္ဌ ဦးအောင်ကျော်က မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းပေါ်ပေါက် လာပုံကိုလည်းကောင်း၊ မြို့နယ်မူးယစ်ဆေးဝါးဆန့်ကျင်ရေး အသင်းစီမံချက်မန်နေဂျာ ဒေါက်တာဝေဖြိုးမောင်က လူငယ်များ မူးယစ်ဆေးဝါးစွဲစေသော အကြောင်းအရင်းများကိုလည်းကောင်း ၊စူးစမ်လေ့လာလိုသောစိတ်ကြောင့် မူးယစ်ဆေးစွဲခဲ့ရကြောင်း ၊ ပေါ့ပေါ့တန်တန်မတွေးတောစေရန် အသိပညာသည် အရေးကြီးကြောင်းကိုလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။

ထွေးငယ်၊ပြန်/ဆက်