တံတားဦးမြို့တွင် ၂၀၂၂-၂၀၂၃ပညာသင်နှစ် သင်ရိုးသစ်(Grade-5) ဗဟိုအဆင့်နည်းပြ (TOT) Online သင်တန်းဖွင့်လှစ်

တံတားဦး  ဧပြီ  ၂၁

ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် သင်ရိုးသစ်(Grade-5) ဗဟိုအဆင့် နည်းပြ (TOT)  သင်တန်းကို ယမန်နေ့နံနက်(၉)နာရီက မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ Online စနစ်ဖြင့် ဖွင့်လှစ်သင်ကြားပေးလျက် ရှိကြောင်းသိရသည်။

သင်တန်းကို တံတားဦးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမ(၃၆)ဦးမှ  လာရောက်သင်ယူလျက်ရှိပြီး  ယနေ့တွင် Generic Topics ၊  ဘာသာရပ်ဖွဲ့စည်းပုံ ၊ Video Lesson (နံရံကပ်စာစောင်လုပ်ကြမယ်)၊ တွေ့ဆုံမေးမြန်းခြင်း၊ မိမိနှစ်သက်သောအစားအစာ ပြုလုပ်နည်းနှင့် “ပလတ်စတစ်အိပ်ကလေး ခရီးစဉ်” အစရှိသောခေါင်းစဉ်များနှင့် နေ့စဉ်အလိုက် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး စသည့်ဘာသာရပ်များကို သင်ကြားပို့ချသွားမည်ဖြစ်ပြီး ဆရာ၊ ဆရာမများအနေဖြင့် မိမိတို့သက်ဆိုင်ရာ စာသင်ကျောင်းများသို့ ပြန်လလည်ရောက်ရှိသည့်အခါ  ယခုပို့ချပေးသော သင်ခန်းစာများအား ပြန်လည်သင်ကြားပို့ချပေးရမည်ဖြစ်ကြာင်း၊ အဆိုပါသင်ရိုးသစ် (Grade-5) သင်တန်းကို ဧပြီလ(၂၀)ရက်နေ့မှဧပြီလ(၂၅)ရက်နေ့အထိ(၅)ရက်အား နေ့စဉ်နံနက်(၉)နာရီမှ မွန်းလွဲ(၄)နာရီအထိဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ရဲတင့်