သီပေါမြို့နယ်၌ သင်ရိုးသစ်(Grade – 5) ဗဟိုအဆင့် နည်းပြ(TOT)Online သင်တန်းဖွင့်လှစ်ပို့ချ

သီပေါ ဧပြီ ၂၁

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၌ သင်ရိုးသစ်(Grade–5) ဗဟိုအဆင့် နည်းပြ(TOT)Online သင်တန်းကိုယမန်နေ့နံနက် ၉ နာရီက မြို့နယ်ပညာရေးမှူးရုံးတွင် ဖွင့်လှစ် သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။

ရှေးဦးစွာ ဒုတိယမြို့နယ်ပညာရေးမှူး ဦးမင်းကိုကိုက ယခုဖွင့်လှစ်သည့် သင်တန်းတွင် ဆရာ၊ ဆရာမများမှ သေချာလိုက်နာမှတ်သားကြပြီး မိမိတို့ပြန်လည်ပို့ချရာတွင် ပိုမိုထိရောက်အောင်မြင်စွာ သင်ကြား ပို့ချနိုင်ရန်အတွက် ဖွင့်လှစ်ဆောင်ရွက်ပေးတာဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။ 

အဆိုပါ သင်တန်းသို့ မူလတန်းကျောင်းအုပ်ဆရာ၊ဆရာမ(၂၂)ဦးတို့မှ တက်ရောက်သင်ယူလျက်ရှိပြီး  သင်တန်းကာလမှာ ဧပြီ ၂၀ရက်မှ ဧပြီ(၂၅) ရက်နေ့အထိ (၆)ရက်ကြာ သင်ကြားပို့ချ သွားမည် ဖြစ်ကြောင်း၊ ယခုသင်တန်းတက်ရောက်ပြီးသော ဆရာ၊ ဆရာမများမှ တစ်ဆင့် မြို့နယ်အတွင်း ရှိအခြေခံပညာကျောင်း များတွင် သင်ရိုးသစ် (Grade-5) သင်ကြားမည့် ဆရာ၊ဆရာမများအားမေလ (၁၀)ရက်နေ့တွင် ထပ်ဆင့်သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း၊သင်ရိုးသစ်(Grade– 8)အလယ်တန်း အဆင့်နှင့် (Grade -11)  အထက်တန်းအဆင့် နည်းပြသင်တန်းများကိုလည်း မကြာမီ Online စနစ်ဖြင့် ဖွင့်လှစ်ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ခင်လေး(မြို့နယ် ပြန်/ဆက်)