မိုင်းယု ဧပြီ ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club) နှင့် လူငယ်၊ လူရွယ်များအသင်း(Youth Club)တို့ ပူးပေါင်းပြီး စာရေးဆရာ ချစ်စံဝင်း ရေးသားသည့် “ရည်မှန်းရမည့်ပန်းတိုင်” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ ညနေပိုင်းက လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဦးအားချာက ရည်မှန်းချက် ပန်းတိုင်မရှိဘဲ လူသည်ဘာမှဖြစ်မလာနိုင်ကြောင်း၊ လူငယ်များအနေဖြင့် မိမိ၏ ရည်မှန်းရာပန်းတိုင်ကို ထားရှိရမည်ဖြစ်ကြောင်း၊ လူ့လောကတွင် ရည်မှန်းချက်ပန်းတိုင် သည်အရေးကြီးကြောင်းနှင့် စာဖတ်ဝိုင်းပြုလုပ်ခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့ သည်။
ထို့နောက် Book Club အသင်းဥက္ကဌ ဦးစိုင်းလှသက်က “ကြိုးပမ်းမှုနှင့် ပန်းတိုင်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Youth Club အဖွဲ့ဝင် ဦးစိုးညွှန့်က “စူးစိုက်လုပ်ဆောင်ခြင်းနှင့် ပန်းတိုင်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်နန်းကောင် ကျောက်က “ဝီရိယနှင့်ပန်းတိုင်” အကြောင်းအရာကိုလည်းကောင်း၊ Youth Club အဖွဲ့ဝင် စိုင်းဆွတ်ခမ်းက “အချိန်နှင့်ပန်းတိုင်” စသည့်အကြောင်းအရာများအား ဖတ်ကြားဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
အားချာ