ဟားခါး ဧပြီ ၂၁
၂၀၂၂−၂၀၂၃ ပညာသင်နှစ် သင်ရိုးသစ် Grade-5 အတွက် ဗဟိုအဆင့်နည်းပြ ( TOT ) သင်တန်းကို ယမန်နေ့ နံနက်ပိုင်းမှစ၍ Online စနစ်ဖြင့် သင်ကြားပို့ချလျက်ရှိရာ ချင်းပြည်နယ်၊ ဟားခါးမြို့မှ ဆရာမ ( ၄ ) ဦး သင်တန်းတက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဗဟိုအဆင့်နည်းပြ ( TOT ) သင်တန်းကို ဧပြီလ ၂၀ ရက်နေ့မှ ၂၅ ရက်နေ့အထိ ( ၆ ) ရက်ကြာ သင်ကြားပို့ချမည်ဖြစ်ပြီး ယခုတက်ရောက်သည့် နည်းပြဆရာမများက ဟားခါးမြို့နယ်ရှိ အခြေခံပညာ မူလတန်းအဆင့် ကျောင်းအုပ်ကြီးများနှင့်ဆရာ၊ ဆရာမများကို မေလ ၁၀ ရက်နေ့မှ ၁၅ ရက်နေ့အထိ ထပ်ဆင့်သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း ဟားခါးမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
ခရိုင်(ပြန်/ဆက်)