မိုင်းရှူးမြို့နယ်တွင် သင်ရိုးသစ်Grade- 5 ဗဟို အဆင့် နည်းပြ(TOT)Online သင်တန်းဖွင့်လှစ်

 ​မိုင်းရှူး       ဧပြီ    ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊မိုင်းရှူးမြို့နယ်တွင် သင်ရိုးသစ်Grade-5  ဗဟိုအဆင့်နည်းပြ (TOT) Online သင်တန်းကို ယနေ့နံနက်၉နာရီအချိန်က မိုင်းရှူးမြို့ အ​ခြေခံပညာအထက်တန်း​ကျောင်း၌ ဖွင့်လှစ်သင်ကြား ပို့ချ​ပေးကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဦးကျော်ထွန်းက နည်းပြများမှ ပို့ချသည့် သင်ခန်းစာများကို ဆရာ/ ဆရာမများအနေဖြင့် သေချာလိုက်နာမှတ်သားကြရန်၊ ပြန်လည်ပို့ချသည့်အခါ အမှား အယွင်းမရှိ ပို့ချ​ပေးသွားရန် လိုအပ်​ကြောင်း​ ပြောကြားခဲ့ပြီး သင်တန်းကို ပညာ​ရေးသု​တေသန၊ စီမံကိန်းနှင့်​ လေ့ကျင့်​ရေးဦးစီးဌာနမှ နည်းပြတို့က Grade-5 သင်ရိုးသစ် သင်ခန်းစာများကို Online ဖြင့် သင်ကြား​ပို့ချ​ပေးကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် ဆရာ/ ဆရာမ(၁၄)ဦး တက်ရောက်ပြီး၊ နံနက်၉နာရီမှ ညနေ၄နာရီထိ ဧပြီလ၂၀ရက်နေ့မှ ၂၅ရက်နေ့ ထိ သင်တန်းပို့ချသွားမည်ဖြစ်ပြီး၊ သင်တန်းတက်ရောက်သည့် ဆရာ/ဆရာမ များမှ Grade -5 မူလတန်းဆင့်သင် ဆရာ/ဆရာမတို့အား Face To Face ဆင့်ပွားသင်တန်းကို မေလ ၁၀ရက်နေ့မှ ၁၃ရက်နေ့အထိ (၄)ရက်ကြာ သင်တန်းပြန်လည်ပို့ချ​ပေးသွားမည်ဖြစ်​ကြောင်း သိရသည်။ ​

မြို့နယ် (ပြန်/ဆက်)