၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ သင်ရိုးသစ် Grede – 5 ဗဟိုအဆင့် နည်းပြ (TOT) Online သင်တန်းကို ကျိုင်းတုံမြို့နယ်မှ ဆရာ/ဆရာမများတက်ရောက်

ကျိုင်းတုံ ဧပြီ ၂၀

၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ သင်ရိုးသစ် Grede – 5 ဗဟိုအဆင့် နည်းပြ(TOT) Online သင်တန်းကို ဧပြီ ၂၀ ရက်က အခြေခံပညာဦးစီးဌာန၊ နေပြည်တော်မှ တစ်နိုင်ငံလုံး တစ်ပြိုင်နက်ဖွင့်လှစ်ခဲ့ရာ ကျိုင်းတုံမြို့နယ်မှ ဆရာ/ဆရာမများက မြို့နယ်ပညာရေးမှူးရုံးခန်းမ၌ Online စနစ်ဖြင့်စုပေါင်း တက်ရောက်သင်ကြားလျက်ရှိသည်။

သင်တန်းတွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး၊ စာရိတ္တ၊ ပြည်သူ့နီတိနှင့် ကာယပညာရပ်များကို ဧပြီ ၂၀ ရက် မှ ၂၅ ရက်ထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းတွင် ကျိုင်းတုံမြို့နယ် မှ ဆရာ/ဆရာမ ၄၄ ဦး တက်ရောက်သင်ကြားလျက်ရှိပြီး သင်တန်းပြီးဆုံးပါက ကျိုင်းတုံမြို့နယ်အတွင်းအရှိ ဘာသာရပ်သင်ဆရာ၊ဆရာမများအား ဆင့်ပွားသင်တန်းများ ဖွင့်လှစ် သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)