ရပ်စောက်မြို့နယ်၌ (Grade-5) သင်ရိုးသစ် ဗဟိုအဆင့်နည်းပြ(TOT) Online သင်တန်းဖွင့်လှစ်

ရပ်စောက် ဧပြီ ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် ကျောင်းသား/ကျောင်းသူများအား မူလတန်း သင်ရိုးသစ်ဘာသာရပ်များ သင်ကြားရာတွင် ပိုမိုထိရောက်အောင်မြင်စေရေးအတွက် (Grade-5) သင်ရိုးသစ် ဗဟိုအဆင့်နည်းပြ(TOT) Online သင်တန်းကို အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းခန်းမ၌ ယနေ့နံနက် ၉ နာရီက စတင်ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် မြို့နယ်ပညာရေးမှူး ဆရာကြီးဦးမြင့်၊ ဒုတိယမြို့နယ်ပညာရေးမှူး ဆရာကြီး ဦးတင်မောင်အုန်းနှင့် မြို့နယ်အတွင်းရှိ မူလတန်းအဆင့် ကျောင်းအုပ်ဆရာ/ဆရာမကြီး (၄၉)ဦး၊ မူလတန်းပြ ဆရာ/ဆရာမ (၉)ဦး စုစုပေါင်း (၅၈)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ဧပြီ (၂၀)ရက်နေ့မှ ဧပြီ (၂၅)ရက်နေ့အထိ (၆)ရက်ကြာမြင့်မည်ဖြစ်ကြောင်းနှင့် သင်ကြား/သင်ယူမှု ပိုမိုထိရောက်စေရေးအတွက် ယခုသင်တန်းကို တက်ရောက်ခဲ့သည့် ကျောင်းအုပ်ဆရာ/ ဆရာမကြီးများက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ (Grade-5) သင်ရိုးသစ် သင်ကြားမည့် ဆရာ/ဆရာမများအား ၂၀၂၂ခုနှစ်၊ မေလအတွင်း ထပ်ဆင့်သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)