ညောင်ရွှေ ဧပြီ ၂၀
ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်၌ အခြေခံပညာမူလတန်းဆင့် (Grade-5) သင်ရိုးသစ် ဗဟိုအဆင့် နည်းပြသင်တန်းကို ယနေ့နံနက်ပိုင်းမှစတင်၍ မြို့နယ်ပညာရေးမှူးရုံး ခန်းမတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းကို ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနက Online စနစ်ဖြင့် ပို့ချလျက်ရှိကြောင်း၊ သင်တန်းတွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး၊ စာရိတ္တနှင့် ပြည်သူ့နီတိ၊ ကာယပညာဘာသာရပ်များ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း၊ သင်တန်းသို့ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ မူလတန်းကျောင်းအုပ် ၆၂ ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ဧပြီ ၂၀ ရက်မှ ၂၅ ရက်ထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
နေမျိုးသူရိန်