မံစီမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ သင်ရိုးသစ် Grade-5 ဗဟိုအဆင့်နည်းပြ (TOT)သင်တန်းဖွင့်လှစ်

မံစီ ဧပြီ ၂၀

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မန်စီမြို့နယ်၊ မြို့နယ်ပညာရေးမှူးရုံးတွင် ယနေ့ နံနက် ၉ နာရီက  စတင်၍ အခြေခံပညာဦးစီးဌာန၊ နေပြည်တော်မှ Online ဖြင့် ဖွင့်လှစ်သည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ သင်ရိုးသစ် Grade-5 ဗဟိုအဆင့်နည်းပြ (TOT)သင်တန်းကို မံစီမြို့နယ်မှ သင်တန်းသား၊ သင်တန်းသူ(၂၄)ဦးသည် မြို့နယ်ပညာရေးမှူး ဒေါ်တင်မာဆွေနှင့် ဒုတိယမြို့နယ် ပညာရေးမှူး ဦးဒမော်ဘရန်နူး တို့၏ အနီးကပ်ကြီးကြပ်မှုဖြင့် သင်တန်းကို တက်ရောက်လျက်ရှိနေ ကြောင်း သိရသည်။

အဆိုပါ သင်တန်းကို ဧပြီ ၂၅ ရက်နေ့အထိ (၅)ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ရာ သင်တန်းတွင် တက်ရောက်နေသည့် သင်တန်းသား၊ သင်တန်းသူများသည် မြို့နယ်အတွင်းမှ အခြေခံပညာ မူလတန်းအဆင့် သင်ကြားနေသည့် ဆရာ၊ ဆရာမ (၃၇၇)ဦးကို လာမည့်မေလအတွင်း၌ ထပ်ဆင့် ပြန်လည်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

(မြို့နယ် ပြန်/ဆက်)