ရွှေပြည်သာ ဧပြီ ၂၀
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်ပညာရေးမှူးရုံး၌ Grade-5(သင်ရိုးသစ်) နည်းပြ online သင်တန်းကို ယနေ့နံနက် ၁၀:၀၀ နာရီအချိန်တွင် ဖွင့်လှစ် ခဲ့ကြောင်းသိရသည်။ သင်တန်းဖွင့်ပွဲတွင်ရွှေပြည်သာမြို့နယ်ပညာရေးမှူး ဦးဝင်းမြင့်မှ အဖွင့်အမှာစကားပြောကြားပြီး သင်တန်းသို့နည်းပြဆရာ/ဆရာမ ၂၆ ဦး တက်ရောက်၍သင်တန်းကာလမှ ၂၀-၄-၂၀၂၂ မှ ၂၅-၄-၂၀၂၂ထိ ( ၅)ရက်ကြာ online မှတဆင့် သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းသိရသည်။
Garde-5(သင်ရိုးသစ်)သင်တန်းအား ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
နေမျိုးထွန်း(ရွှေပြည်သာ)