တိုက်ကြီး ဧပြီ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ပညာရေးဝန်ကြီးဌာနမှကြီးမှူး၍ စနစ်သစ်ပညာရေးစနစ် အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ရည်ရွယ်၍ Grade – 5 သင်ရိုးသစ် TOT နည်းပြသင်တန်းကို ယနေ့ နံနက် ၉ နာရီအချိန်မှ စ၍ အခြေခံပညာအထက်တန်း ကျောင်း(တိုက်ကြီး)တွင် ဖွင့်လှစ်သင်ကြားလျက်ရှိသည်။
Grade – 5 သင်ရိုးသစ် TOT နည်းပြသင်တန်းကို ပညာရေးစီမံကိန်းနှင့်လေ့ကျင့်ရေး ဦးစီးဌာနမှ ကထိကဆရာ၊ ဆရာမများက Online မှ တိုက်ရိုက်သင်ကြား နေမှုကို Projector ဖြင့် သင်ကြားပေးလျက်ရှိရာ မြို့နယ်အတွင်းရှိ မူလတန်းကျောင်းအုပ် ဆရာ၊ ဆရာမ (၉၀)ဦး တက်ရောက်သင်ကြားလျက်ရှိသည်။
အဆိုပါ သင်တန်းဖွင့်လှစ်သင်ကြားနေမှုအခြေအနေအား မြို့နယ်ပညာရေးမှူး ဦးဌေးဌေး ဦးဆောင်သော ဒုတိယမြို့နယ်ပညာရေးမှူးနှင့် လက်ထောက်မြို့နယ် ပညာရေးမှူးတို့က ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး သင်တန်းကာလမှာ ဧပြီလ ၂၀ ရက်နေ့ မှ ၂၅ ရက်နေ့ အထိ (၆)ရက်ကြာဖွင့်လှစ်သင်ကြားပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ခင်နှင်းသက် (ပြန်/ဆက်)