လှည်းကူး ဧပြီ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် အခြေခံပညာဦးစီးဌာန၊ နေပြည်တော်မှကြီးမှူး၍ ၂၀၂၂ -၂၀၂၃ ပညာသင်နှစ်သင်ရိုးသစ် Grade-5 ဗဟိုအဆင့် နည်းပြ (TOT) Online သင်တန်းကို ယနေ့နံနက်(၉)နာရီကလှည်းကူးမြို့နယ် ပညာရေးမှူးရုံး၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။ ထို့နောက်လှည်းကူးမြို့နယ်ရှိမူလတန်းကျောင်းအုပ်များ အတွက် ဖွင့်လှစ်သည့် သင်ရိုးသစ် Grade-5 နည်းပြ (TOT)Online သင်တန်းတွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး၊ စာရိတ္တနှင့်ပြည်သူ့နီတိ နှင့်ကာယပညာစသည်ဘာသာရပ် (၇)မျိုးဖြင့် သင်တန်းပို့ချမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါသင်တန်းတွင် သင်တန်းသား(၇)ဦးနှင့် သင်တန်းသူ(၄၉)ဦး စုစုပေါင်း(၅၆)ဦး တက်ရောက် သင်ကြားပြီးမေလ ၂၅ ရက်နေ့အထိ(၆)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးမည် ဖြစ်ကြောင်းမြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။
အေးအေးနွဲ့(လှည်းကူး)