သန်လျင် ဧပြီ ၂၀
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ဥပဒေရေးရာပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀နာရီတွင် သန်လျင်မြို့ရှိ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာနေဝင်းဦး၊ ဒုတိယပါမောက္ခချုပ်များနှင့် ပါမောက္ခဌာနမှူးများ၊ ဆရာဆရာမများ တက်ရောက်ကြသည်။
အစီအစဉ်အရ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာနေဝင်းဦး က နှုတ်ခွန်းဆက်စကား ပြောကြားပြီးနောက် ရန်ကုန်တောင်ပိုင်းခရိုင် ဥပဒေအရာရှိ ဦးတင်မင်းဦး က ပြည်သူများအနေဖြင့် သတ်မှတ်ပြဌာန်းထားသော ဥပဒေ၊ နည်းဥပဒေများကို ဖတ်ရှုလေ့လာ သင့်ကြောင်း၊ မလိုလားအပ်သော အရေးယူမှုမခံရစေရေးဥပဒေကို လေးစားလိုက်နာကြရန် လိုကြောင်းဖြင့်လည်းကောင်း၊ သန်လျင်မြို့နယ် မြို့မရဲတပ်ဖွဲ့စခန်းမှူး ဒုတိယရဲမှူး ဦးကျော်စိုး က ဥပဒေလုပ်ထုံး၊ လုပ်နည်း၊ ရဲလက်စွဲပါအချက်အလက်များ သိရှိရန်လိုကြောင်း၊ ကြိုတင်သတင်းပေးခြင်းဖြင့် သတင်းလက်ဦးမှုရယူ၍ မှုခင်းကြိုတင်ကာကွယ်ရေး ဆောင်ရွက်နိုင်ကြောင်းဖြင့် လည်းကောင်း၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှပိုမို က သတင်းတု၊ သတင်းမှားများသိရှိစေရန် အထူးအရေးကြီးကြောင်း သတင်းမီဒီယာဥပဒေ၊ ဆက်သွယ်ရေးဆိုင်ရာဥပဒေ၊ အီလက်ထရောနစ်ဆိုင်ရာ ဥပဒေလေ့လာရန်လိုကြောင်း၊ အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်ရေးနှင့် သတင်းရင်းမြစ်သိရှိနိုင်ရေး ဆောင်ရွက်ကြရန်လည်းကောင်း၊ ဥပဒေရေးရာများနှင့်ပတ်သက်၍ အသိပညာပေးဟောပြောကြသည်။
ထို့နောက် တက်ရောက်လာကြသော ဆရာဆရာမများနှင့် ဧည့်သည်တော်များ၏ ဥပဒေရေးရာနှင့်ပတ်သက်၍ သိရှိလိုသည်များကို ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)