ကျောက်တံတားမြို့နယ်အတွင်း အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်‌ဆေးများ ဆက်လက်ထိုးနှံပေး

 

ကျောက်တံတား ဧပြီ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၌ ကိုဗစ်၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် အသက်(၁၈)နှစ်နှင့် အထက် ပြည်သူများအား ကိုဗစ်(၁၉)ရောဂါကာကွယ်‌ဆေးထိုးနှံရန် မကျန်ရှိစေရေးအတွက် ကျောက်တံတားမြို့နယ်(၃၅)လမ်းထိပ်ရှိ မြို့နယ် အထွေထွေအုပ်ချုပ်‌‌ရေးမှူးရုံးဟောင်းရှေ့ ဆေးထိုးစုရပ်တွင် ယနေ့နံနက် (၁၀)နာရီအချိန်တွင် ကွင်းဆင်း၍ အသက် ၁၈ နှစ်နှင့်အထက်ပြည်သူများအား ထိုးနှံပေးရာ Covidshield First Dose ထိုးနှံသူ (၄၀ )ဦး၊ Covidshield Second Dose ထိုးနှံသူ (၁၈)ဦး၊ Covidshield Booster Dose ထိုးနှံသူ(၁၅၄)ဦး စုစုပေါင်း (၂၁၂)ဦးအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေး ထိုးနှံရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးနေမှုကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်စိန်က အနီးကပ်ကြီးကြပ်ပြီး ကျန်းမာရေးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ် တပ်ဖွဲ့၊ မြို့နယ်ကြက်‌‌ခြေနီတပ်ဖွဲ့နှင့် ပရဟိတအဖွဲ့များမှ ကာကွယ်ဆေးထိုးနှံရာတွင် မလိုလား အပ်သော ပြဿနာများ မဖြစ်စေရေးအတွက် အပူချိန်တိုင်းပေးခြင်း၊‌ သွေးပေါင်ချိန်ပေးခြင်းနှင့် ဆေးထိုးပြီးပါက နာရီဝက်ကြာ ခေတ္တနားစေခြင်းတို့ကို ပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

ရွှေဇင်ခိုင်(ပြန်/ဆက်)