ကျောက်တံတား ဧပြီ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတား မြို့နယ်၌ နွေရာသီကာလ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး မီးလောင်၊ မီးလန့်မှုမရှိစေရေးအတွက် အစိုးရ ဌာနများသို့ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက် (၁၀)နာရီအချိန်တွင် မြို့နယ်မီးသတ် ဦးစီးဌာနမှ ဒုတပ်ကြပ် ဦးဗန်တထောင်က လိုက်လံစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
ထိုသို့လိုက်လံစစ်ဆေးရာတွင် အစိုးရဌာနများရှိ မီးသတ်ဆေးဘူးများ၏ အရည်အသွေး၊ မီးဘေးအန္တရာယ်ကျရောက်လာပါက မီးသတ်ဆေးဘူးအသုံးပြုပုံ၊ မီးလောင်၊ မီးလန့်မှု မဖြစ်စေရေး လိုက်နာဆောင်ရွက်ရမည့် အချက်များ မီးသတ်ဆေးဗူးများ လိုအပ်ပါက အရည်နှင့် ဆေးဗူးများ အလွယ်တကူ အခက်ခဲမရှိစေဘဲ မြို့နယ်မီးသတ်ဦးစီးဌာနရုံးတွင် လာရောက် ယူနိုင်ကြောင်းနှင့် မီးဘေးအန္တရာယ်ကျရောက်လာပါက ဆက်သွယ်ဆောင်ရွက်ရမည့် နည်းလမ်းများအား ရှင်းလင်းပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။
ဇင်မျိုးသူ ကျောက်တံတား(ပြန်/ဆက်)