လမ်းမတော်မြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး မီးလောင်မီးလန့်မှု မရှိစေရေး အစိုးရရုံးဌာနများသို့ ကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိ

လမ်းမတော် ဧပြီ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ အ​နောက်ပိုင်းခရိုင်၊ လမ်းမ‌တော်မြို့နယ်၌ နွေရာသီကာလ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး မီးလောင်၊ မီးလန့်မှု မရှိစေရေးအတွက် အစိုးရဌာနများသို့ ကွင်းဆင်းစစ်ဆေးခြင်းကို ယ‌နေ့နေ့လည်(၁)နာရီအချိန်တွင် မြို့နယ်မီးသတ်ဦးစီးဌာန တာဝန်ရှိ သူများက  လိုက်လံစစ်ဆေးဆောင်ရွက် လျက်ရှိသည်။

ထိုသို့လိုက်လံစစ်​ဆေးရာတွင် အစိုးရဌာနများရှိ မီးသတ်​ဆေးဘူးများ၏အရည်အ​သွေး၊ မီး​ဘေးအန္တရာယ်ကျ​ရောက်လာပါက မီးသတ်​ဆေးဘူး အသုံးပြုပုံ၊ မီး​လောင်၊ မီးလန့်မှု မဖြစ်​စေ​ရေး လိုက်နာ​ဆောင်ရွက်ရမည့်အချက်များနှင့် မီး​ဘေးအန္တရာယ်ကျ​ရောက်လာပါက ဆက်သွယ်​ဆောင်ရွက်ရမည့် နည်းလမ်းများအား ရှင်းလင်း​ပြောကြားခြင်းများ ​ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

ကျော်ဆန်းမြင့်